အထွေထွေ သွားနှင့်ခံတွင်း ကုသမှု
ကြိုတင်ကာကွယ်ခြင်းသည် တစ်သက်တာ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ အထွေထွေသွားနှင့်ခံတွင်းကုသမှု ဝန်ဆောင်မှုများသည် စိတ်အေးချမ်းသာယာပြီး နွေးထွေးပျူငှာသော ပတ်ဝန်းကျင်တွင် ပုံမှန်စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ်စောင့်ရှောက်မှုပေးခြင်းနှင့် ထိရောက်သော ကုသမှုများ ပြုလုပ်ပေးခြင်းတို့ဖြင့် သင်၏ သွားနှင့် သွားဖုံးများကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ပေးရန် အဓိကထား ဆောင်ရွက်ပေးလျက်ရှိပါသည်။
Our General Dentistry Services
ကြိုတင်ကာကွယ်ရေး သွားနှင့်ခံတွင်း စစ်ဆေးမှုများ


သွားဖာခြင်း
သွားပိုးစားခြင်းသည် အဖြစ်အများဆုံး သွားနှင့်ခံတွင်း ပြဿနာများထဲမှ တစ်ခုဖြစ်သော်လည်း သွားအရောင်နှင့်တူသော ကွန်ပိုစစ် (composite) သွားဖာဆေးများဖြင့် ထိရောက်စွာ ကုသနိုင်ပါသည်။ကျွန်ုပ်တို့၏ သွားဖာခြင်း ဝန်ဆောင်မှုသည် ပျက်စီးနေသော သွားများ၏ ကြံ့ခိုင်မှု၊ လုပ်ဆောင်ချက်နှင့် သဘာဝအတိုင်း လှပမှုကို ပြန်လည်ရရှိစေပြီး ကျန်းမာသော သွားအစိတ်အပိုင်းများကို တတ်နိုင်သမျှ ထိန်းသိမ်းပေးပါသည်။
ကျွန်ုပ်တို့ ကုသပေးသော အခြေအနေများ - :
- သွားပိုးစားခြင်း
- သွားအက်ကွဲခြင်း
- သွားပဲ့ခြင်း
- သွားမျက်နှာပြင်များ ပွန်းစားခြင်း
- သွားဖာထားသော ဆေးဟောင်းများကို အသစ်ပြန်လဲခြင်း
အကျိုးကျေးဇူးများ
- သဘာဝသွားအရောင်နှင့်တူခြင်း
- ခိုင်ခံ့ပြီး ကြာရှည်ခံခြင်း
- သက်တောင့်သက်သာရှိသော ကုသမှုဖြစ်ခြင်း
- သွားများ ထပ်မံပိုးစားခြင်းမှ ကာကွယ်ပေးခြင်း
- ပုံမှန်ဝါးစားနိုင်စွမ်းကို ပြန်လည်ရရှိစေခြင်း
.jpg?width=553&height=553&name=images%20(1).jpg)

သွားကျောက်ခြစ်ခြင်း နှင့် သန့်စင်ခြင်း
ကျွမ်းကျင်သော သွားကျောက်ခြစ်ခြင်းနှင့် သန့်စင်ခြင်းသည် ပုံမှန်သွားတိုက်ရုံဖြင့် မဖယ်ရှားနိုင်သော သွားချိုးများ၊ ကျောက်တည်ခြင်းများနှင့် အရောင်စွန်းထင်းမှုများကို ဖယ်ရှားပေးပါသည်။ ဤကုသမှုသည် သွားဖုံးများကို ကျန်းမာစေပြီး သင့်သွားများကို သန့်ရှင်းလတ်ဆတ်သော ခံစားမှုကို ရရှိစေပါသည်။
အကျိုးကျေးဇူးများ -
- ပိုမိုကျန်းမာသော သွားဖုံးများ
- လတ်ဆတ်သော ခံတွင်းနံ့
- ပိုမိုသန့်ရှင်းသော သွားများ
- သွားဖုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးခြင်း
- ပိုမိုတောက်ပသော အပြုံး
Frequently asked questions
သွားနှင့်ခံတွင်း စစ်ဆေးမှုကို ဘယ်လောက်ကြာတစ်ခါ ပြုလုပ်သင့်သလဲ?
ပုံမှန်စစ်ဆေးမှုများနှင့် သွားသန့်စင်ခြင်းအတွက် ခြောက်လတစ်ကြိမ် သွားဆရာဝန်ထံ လာရောက်ပြသရန် အကြံပြုအပ်ပါသည်။ သို့ရာတွင် အချို့သော သွားနှင့်ခံတွင်း အခြေအနေများရှိသည့် လူနာများအနေဖြင့် ပိုမိုမကြာခဏ လာရောက်ပြသရန် လိုအပ်နိုင်ပါသည်။
သွားကျောက်ခြစ်ခြင်းနှင့် သန့်စင်ခြင်းက နာကျင်မှုရှိပါသလား?
သွားကျောက်ခြစ်ခြင်းနှင့် သန့်စင်ခြင်းသည် ယေဘုယျအားဖြင့် သက်တောင့်သက်သာရှိသော ကုသမှုဖြစ်ပါသည်။ သွားဖုံးလွယ်လွယ်ကနဲ နာတတ်သူအချို့တွင် အနည်းငယ် မသက်မသာဖြစ်မှု ရှိနိုင်သော်လည်း ကျွန်ုပ်တို့အဖွဲ့အနေဖြင့် ညင်သာသော ကုသမှုအတွေ့အကြုံရရှိစေရန် အစွမ်းကုန် ဂရုစိုက်ပေးပါသည်။
သွားဖာရန် ဘယ်အချိန်မှာ လိုအပ်သလဲ?
သွားပိုးစားခြင်း၊ အနည်းငယ်အက်ကွဲခြင်း သို့မဟုတ် ပွန်းစားနေသော နေရာများရှိလျှင် သွားဖာရန် အကြံပြုပါသည်။ စောစီးစွာ ကုသခြင်းက သဘာဝသွားကို ထိန်းသိမ်းပေးပြီး ပိုမိုကြီးမားသော ကုသမှုများ ပြုလုပ်ရခြင်းမှ ကာကွယ်ပေးပါသည်။
သွားပိုးစားခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ?
ကောင်းမွန်သော ခံတွင်းသန့်ရှင်းရေးကို ထိန်းသိမ်းခြင်း၊ အချိုကဲသော အစားအစာများနှင့် အချိုရည်များကို ကန့်သတ်ခြင်း၊ ဖလိုရိုက် (fluoride) ပါဝင်သော သွားတိုက်ဆေးကို အသုံးပြုခြင်းနှင့် ပုံမှန် သွားနှင့်ခံတွင်း စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့သည် သွားပိုးစားနိုင်ခြေကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပါသည်။
ပုံမှန် သွားနှင့်ခံတွင်း စောင့်ရှောက်မှုဖြင့် သင့်အပြုံးကို ကျန်းမာအောင် ထိန်းသိမ်းပါ
သင်သည် ပုံမှန်စစ်ဆေးခြင်း၊ သွားသန့်စင်ခြင်း သို့မဟုတ် သွားပိုးစားခြင်းအတွက် ကုသမှု တစ်ခုခု လိုအပ်သည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ ဖော်ရွေသော ဆရာဝန်အဖွဲ့သည် သင့်သွားနှင့်ခံတွင်း ကျန်းမာရေးကို အကောင်းမွန်ဆုံး ထိန်းသိမ်းနိုင်ရန် ကူညီပေးရန် အသင့်ရှိနေပါသည်။
